မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၏ အဖွဲ့ဝင် စစ်မှုထမ်းဟောင်းများ၊ အရန်အဖွဲ့ဝင်များ၏ မိသားစုဝင်များအားလုံး ဘေးရန်ကင်းကွာ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် တပ်မတော်(လေ) (အငြိမ်းစား)ဖြစ်ပြီး ၂၉-၄-၂၀၂၅ ရက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ(၂၀၂၅) က ဗဟိုအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသူ ဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ နိုင်ငံတော်နဲ့ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များရဲ့ အကျိုးကိုရှေးရှုပြီး အဖွဲ့ကြီးရဲ့ ရည်ရွယ်ချက်များနဲ့ ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ဖို့အတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဤ Website တွင် အဖွဲ့ကြီးရဲ့ စည်းရုံးရေးလှုပ်ရှားမှုများ၊ သက်သာချောင်ချိရေးလှုပ်ရှားမှုများ၊ အမျိုးသားနိုင်ငံရေးလှုပ်ရှားမှုများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်မှုများ၊ နိုင်ငံတကာရေးရာ ပူးပေါင်းဆောင်ရွက်မှုများကို အများလေ့လာသိရှိနိုင်အောင် ဆက်လက်ထုတ်လွှင့်တင်ပြပေးမှာဖြစ်ပါတယ်။ Website သို့ ဝင်ရောက်ကြည့်ရှုသူအားလုံးသည် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ကြီးရဲ့ ဂုဏ်ဒြပ်နဲ့ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ အနာဂတ်လှပရေး၊ နိုင်ငံတော်လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မှုများကို ကောင်းစွာသိရှိပြီး အဖွဲ့ကြီးနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
28-Jul-2026
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီနှစ်ပတ်လည်အစည်းအဝေး(၂၀၂၆) ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်တွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ဗဟိုဌာနချုပ်နှင့် နေပြည်တော်မှ ဗဟိုကောင်စီဝင်များ၊ ဗဟိုကောင်စီဝင် တပ်မတော်အရာရှိကြီးများ၊ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ်များမှ ဗဟိုကောင်စီဝင်များက Online စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။အစည်းအဝေးကို ၀၉၃၀ နာရီတွင် စတင်ခဲ့ပြီး သဘာပတိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်(အငြိမ်းစား)က အဖွင့်အမှာစကား ပြောကြားကာ ဗဟိုအမှုဆောင်အဖွဲ့ အစီရင်ခံစာ (အနှစ်ချုပ်)နှင့် ညီလာခံ (၂၀၂၆) ကျင်ပရေးဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများစာတမ်းကို ဗဟိုအမှုဆောင်အဖွဲ့ အတွင်းရေးမှူးကလည်းကောင်း၊ လုပ်ငန်းအဖွဲ့များအလိုက် တင်ပြချက် သုံးသပ်ချက်များကို လုပ်ငန်းအဖွဲ့ အတွင်းရေးမှူးများကလည်းကောင်း၊ ၂၀၂၆-၂၀၂၇ ခုနှစ်၊ ဘဏ္ဍာရေးလျာထားချက်ကို ဗဟို အမှုဆောင်အဖွဲ့ ဘဏ္ဍာရေးမှူးကလည်းကောင်း တင်ပြခဲ့သည်။ဆက်လက်၍ တိုင်းဒေသကြီး/ပြည်နယ်များမှ ဗဟိုကောင်စီဝင်များက Online မှ ဆွေးနွေးတင်ပြခြင်းနှင့် ဗဟိုကောင်စီဝင် တပ်မတော်အရာရှိကြီးများက လုပ်ငန်းဆောင်ရွက်ချက်များ ဆွေးနွေးတင်ပြခြင်း၊ ဗဟိုအမှုဆောင်အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း၊ တက်ရောက်လာသူများက အထွေထွေဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ထို့နောက် တိုင်းဒေသကြီး/ပြည်နယ် စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့များ ပြင်ဆင်ဖွဲ့စည်းခြင်း၊ အစားထိုးခန့်အပ်ခြင်း၊ ဗဟိုအမှုဆောင်အဖွဲ့ အစီရင်ခံစာနှင့် ဘဏ္ဍာရေး အစီရင်ခံစာများအား အတည်ပြုခြင်း၊ မှတ်တမ်းတင်ခြင်း၊ ဆုံးဖြတ်ခြင်း၊ အတည်ပြုခြင်းများ ချမှတ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး သဘာပတိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုကောင်စီ ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးကို ၁၇၂၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
08-Dec-2025
အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ ဂျကာတာမြို့၊ Borobudur Hotel တွင် ၂၃-၁၁-၂၀၂၅ ရက် မှ ၂၇-၁၁-၂၀၂၅ ရက်အထိ ကျင်းပပြုလုပ်သည့် အာဆီယံနိုင်ငံများစစ်မှုထမ်းဟောင်းအဖွဲ့၏ (၃၇) ကြိမ်မြောက် အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးနှင့် (၂၄) ကြိမ်မြောက် အထွေထွေ ညီလာခံသို့ တက်ရောက်ရန်အတွက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် (အငြိမ်းစား) ဦးဆောင်သည့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းကိုယ်စားလှယ်အဖွဲ့ဝင် ၅ ဦးသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက် နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့၊ မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့် အင်ဒိုနီးရှားသမ္မတနိုင်ငံသို့ ထွက်ခွာကြသည်။အာဆီယံနိုင်ငံများစစ်မှုထမ်းဟောင်းအဖွဲ့ VECONAC ၏ (၃၇)ကြိမ်မြောက် အလုပ် အမှုဆောင်အဖွဲ့အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်တွင် ကျင်းပခဲ့ရာ VECONAC အဖွဲ့ဝင် ၁၀ နိုင်ငံမှ စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် (၂၄)ကြိမ်မြောက် အထွေထွေညီလာခံသို့ တင်သွင်းမည့် ဆုံးဖြတ်ချက် (မူကြမ်း) ၉ ချက်ကို သုံးသပ်ခြင်းနှင့် ဆွေးနွေးခြင်းများ ဆောင်ရွက်၍ အတည်ပြုရန် ဆုံးဖြတ် ခဲ့ကြသည်။အာဆီယံနိုင်ငံများစစ်မှုထမ်းဟောင်းအဖွဲ့ VECONAC ၏ (၂၄)ကြိမ်မြောက် အထွေထွေ ညီလာခံကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်တွင် ကျင်းပရာ အဆိုပါအထွေထွေညီလာခံသို့ VECONAC အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံမှ စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌများနှင့်ဇနီးများ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ လေ့လာသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး နိုင်ငံအလိုက် အစီရင်ခံစာတင်သွင်းခြင်း အစီအစဉ်တွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၏ အစီရင်ခံစာကို မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် (အငြိမ်းစား)က ဖတ်ကြားတင်သွင်းခဲ့ပါသည်။ အဆိုပါအထွေထွေညီလာခံ၌ အာဆီယံနိုင်ငံများစစ်မှုထမ်းဟောင်းအဖွဲ့၏ (၃၇)ကြိမ်မြောက် အလုပ်မှုဆောင်အဖွဲ့အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည့် ဆုံးဖြတ်ချက် ၉ ချက်အား အတည်ပြုကြပြီး VECONAC အဖွဲ့ဝင် ၁၀ နိုင်ငံမှ စစ်မှုထမ်းဟောင်းကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များက ပူးတွဲ ကြေညာချက်၌ လက်မှတ်ရေးထိုး မှတ်တမ်းတင်ခဲ့ကြပါသည်။မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် (အငြိမ်းစား) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင် ၅ ဦးသည် အင်ဒိုနီးရှား သမ္မတနိုင်ငံ၊ ဂျကာတာမြို့၊ Borobudur Hotel တွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်းအဖွဲ့၏ (၃၇)ကြိမ်မြောက် အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးနှင့် (၂၄) ကြိမ်မြောက် အထွေထွေညီလာခံသို့ တက်ရောက်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက် နေ့လယ် ၁၁ နာရီတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့၊ မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။
Previous Events
12-7-2023 Philippine, Pampanga, Clark Freeport Zone
အာဆီယံနိုင်ငံများစစ်မှုထမ်းဟောင်းအဖွဲ့ ၃၄ ကြိမ်မြောက်အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးနှင့် ၂၁ ကြိမ်မြောက် အထွေထွေညီလာခံ
၂၁-၁၁-၂၀၂၂ မှ ၂၅-၁၁-၂၀၂၂ ထိ
-Centara Grand ဟိုတယ် ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ
အာဆီယံနိုင်ငံများစစ်မှုထမ်းဟောင်းအဖွဲ့ လုပ်ငန်းကော်မတီအစည်းအဝေး
-
-
၁၅-၁၂-၂၀၂၁ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်ရုံး အစည်းအဝေးခန်းမမှတဆင့် တက်ရောက်ပါသည်။
၂၄-၁၁-၂၀၂၁ မှ ၂၆-၁၁-၂၀၂၁ ထိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ် ညီလာခံခန်းမ ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်။
Video Conferencing စနစ်ဖြင့် ပြုလုပ်သော အာဆီယံနိုင်ငံများစစ်မှုထမ်းဟောင်းအဖွဲ့ လုပ်ငန်းကော်မတီအစည်းအဝေး
၂၁-၁၀-၂၀၂၀
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ် အစည်းအဝေးခန်းမတဆင့် တက်ရောက်ပါသည်။
အာဆီယံနိုင်ငံများစစ်မှုထမ်းဟောင်းအဖွဲ့၏ ၁၉ ကြိမ်မြောက် အထွေထွေညီလာခံနှင့် ၃၂ ကြိမ်မြောက်အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး
၈-၁၂-၂၀၁၉ မှ ၁၂-၁၂-၂၀၁၉ ထိ
အာဆီယံနိုင်ငံများစစ်မှုထမ်းဟောင်းအဖွဲ့လုပ်ငန်းကော်မတီအစည်းအဝေး
၃-၇-၂၀၁၉ မှ ၆-၇-၂၀၁၉
(ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့)
အာဆီယံနိုင်ငံများစစ်မှုထမ်းဟောင်းအဖွဲ့၏ (၁၈)ကြိမ်မြောက် အထွေထွေညီလာခံ
၁၁-၁၂-၂၀၁၈ မှ ၁၅-၁၂-၂၀၁၈ ထိ
လာအို, ဗီယင်ကျန်းမြို့
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ (၂၀၁၈)
၂၉-၁၀-၂၀၁၈ မှ ၃၁-၁၀-၂၀၁၈ ထိ
ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်
သတ္တမအကြိမ် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းညီလာခံ (၂၀၁၆)
၁၂-၁၀-၂၀၁၆ မှ ၁၄-၁၀-၂၀၁၆ ထိ
နေပြည်တော်
အာဆီယံနိုင်ငံများစစ်မှုထမ်းဟောင်းအဖွဲ့၏ (၁၇)ကြိမ်မြောက် အထွေထွေညီလာခံနှင့် (၃၀)ကြိမ်မြောက်အလုပ်အမှုဆောင်အစည်းအဝေး
၂၃-၁၁-၂၀၁၇ မှ ၂၇-၁၁-၂၀၁၇ ထိ
ဘရူနိုင်း ဒါရူစလန်, ဘန်ဒါစရီဘီဂါ၀မ်